ဝေခွဲမရတဲ့
ဆုံးဖြတ်ချက်တွေနဲ့
လျှောက်လှမ်းနေခဲ့ရတော့
ဘ၀ရဲ့ပိုင်ဆိုင်မှုတွေဟာ
နေ၀င်ခါနီးအချိန်တောင်ရောက်ခဲ့ပြီပေါ့။
ဘာတွေကို
ရည်ရွယ်မှန်းမသိပေမဲ့
တစ်ခုခုကို
လုပ်နေမိခဲ့တယ်။
အဖြေရှိပေမဲ့
အဖြေညှိဖို့ခက်နေတယ်။
ခံစားချက်တွေရဲ့ထိမ်းချုပ်မှုအောက်မှာ
အမှားတွေသာ နေရာယူခဲ့ကြတယ်။
ယုံကြည်ချက်ဆိုတာကိုဘဲ
ရှေ့တန်းတင်ပြီး
ပန်းတိုင်ရှိရာကို
မှန်းဆလို့
ထွက်ခွါနေတယ်လို့ဆိုရမလား။
အမှားထဲက အမှားဆိုတာ
မြင်နိုင်ပါရက်နဲ့
ပြင်ဘို့ခက်နေတယ်။
ဖွင့်လက်စ
ဓာတ်ပြားတစ်ချက်ရဲ့
ကွဲအက်တဲ့
သံစဉ်တွေကြားမှာ
ငြီးငွေ့စွာလျှောက်လှမ်းရင်း
ဘ၀တစ်ခုကိုအဆုံးသတ်ဖို့အတွက်
ဘ၀တစ်ခုကို
မွေးဖွားခဲ့ရပါပြီ။
ရှင်သန်ခြင်းတွေရဲ့
အဆုံးသတ်မှာ
ပျော်ရွှင်စွာ
နှုတ်ဆက်နိုင်ပါစေ။






