Thursday, February 2, 2012

ချစ်သူ့ကဗျာ


ချစ်သူပေးတဲ့ကဗျာ
ခေါင်းစဉ်မပါ
စာကိုယ်မရှိ
ဒါပေမဲ့ -  -
နှလုံးသားသံစဉ်ရှိတယ်ဆိုတာ
ကိုယ်ယုံပါတယ်။

အမုန်းလက်နဲ့ရေးတာမဟုတ်
အပြုံးလေးတွေကို ဆေးရည်လုပ်ပြီး
နှလုံးသားစုတ်နဲ့ ချယ်သ
ဘယ်အလှမှ လာမယှဉ်နဲ့
ကမ္ဘာထိပ်တန်း
အချစ်နန်းတော်မှာဘဲ ပြသမယ်။

``ရောင်းရန်မဟုတ်´´
ဆိုတဲ့စာတမ်းတိုတိုလေးကို
ချိတ်ဆွဲလို့ပေါ့။

No comments:

Post a Comment