Tuesday, February 7, 2012

ချစ်သူ့လက်ဆောင် ( ၁ )



မခွဲမခွာ
ချစ်မြဲချစ်လျှက်သာ
လက်တွဲမဖြုတ်ဘဲ
ဘ၀ကိုတည်ဆောက်ကြမယ်နော်။

မလိုသူတွေကြားမှာ
ဒို့နှစ်ဦး သဘောထားတူခဲ့ရင်
သူများတွေ ဘယ်လိုဖျက်ဖျက်
တစ်သက်မပျက်ကြေးနော်။

ချစ်သူ
သေတပန် သက်တစ်ဆုံး
အပြုံးမပျက်
အမုန်းအဖက်ဘဲ
အကြင်နာတွေနဲ့
အဆုံးသတ်ကြရအောင်နော်။

သြော် -  -  ချစ်သူရယ်
ဒီနေ့ မင်းအတွက်
ကိုယ်လက်ဆောင်ယူလာခဲ့ပါတယ်။
အဲဒါ  .    .   .   .  .  .
(မင်းကို အရမ်းချစ်တယ်။)

ချစ်သူလေး ထာဝရပျော်ရွှင်နိုင်ပါစေ။

No comments:

Post a Comment