Saturday, November 24, 2012

ဟလို


         
                                                   သံစဉ်ချိုချို ကဗျာတစ်ပုဒ်ကို
ခပ်တိုးတိုး ရွတ်ဆိုလိုက်တဲ့အခါ
နားဝမှာ ၀ဲပျံ့နေသည့်အလား။

အမေတစ်ယောက်က သားလေးကို
`အိုအေးအေးအို´လို့  တေးဆိုပြီး
ချော့သိပ် လိုက်သည့်ပမာ
သာယာနာပျော်ဖွယ်ကောင်းလိုက်တာ။

မေတ္တာတွေပြည့်လျှံပြီး
ကရုဏာတွေ ပက်ဖြန်းထားသလို
ကြည်နူးဖွယ် တကယ်ကောင်းလှပါပေတယ်။

မောပန်းနေသူ တစ်ယောက်အတွက်
လိုအပ်တဲ့ အားအင်တွေကို
တစ်ခဏချင်း ဖြည့်သွင်းပေးလိုက်သလို
တကယ်ကို တန်ဘိုးမဖြတ်နိုင်ခဲ့ပါ။

အဲဒါ  -- -- -- -- -- -- -- --
ငါ  အားငယ်နေတဲ့အခါမှာ
ကြင်နာစွာ မျှဝေခံစားရင်း
ချစ်ခြင်းတွေနဲ့ အားပေးဖို့လာခဲ့တဲ့
ချစ်သူရဲ့ `` ဟလို ´´ ဆိုတဲ့အသံ။

2 comments:

  1. ကဗျာလဲဖတ်ခဲ့ ခံစားခဲ့ပြီး ပန်းလေးတွေအလှလဲ ခံစားခဲ့တယ်
    လမင်းသံစဉ်ရေ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ဟလို...ငါလဲလွမ်းထှာ....သူ့အသံလေးကိုသတိရမိလာပြီ
    ဒဏ်ရာဟောင်းတွေ လာလာဆွတယ်နော်...ဂယ်ပဲ...ဂယ်ပဲ..

    ReplyDelete