Friday, November 16, 2012

သံယောဇဉ် ထိုကြိုး



သံယောဇဉ် အမျှင်တစ်ခုဆိုပေမဲ့
ရင်ခွင်တစ်ခုကို ကိုယ်စားပြုတာပါ။

မင်းနဲ့ကိုယ့်ရဲ့
သေသပ်လှပတဲ့ ချစ်ကမ္ဘာငယ်လေးကို
သူတစ်ခုတည်းနဲ့ တည်ဆောက်ထားတာလေ။

ကိုယ့်ရင်ထဲက ခံစားချက်တွေကို
ဒီသံယောဇဉ်ကြိုးတန်းလေးကဖန်တီးပေးသလို
မင်းရဲ့လိုအင်ဆန္ဒတွေကိုလဲ
သူ့ဆီကပဲ တဆင့်သိရတာပေါ့။

ချစ်သူရယ်
တစ်ခါတစ်ခါဆို
မင်းကို နာကြည်းဖူးတာတွေရှိခဲ့တယ်။

အဲဒီအခါမှာ
ဒီသံယောဇဉ်ရဲ့နှောင့်ဖွဲ့မှုတွေဟာ
ဒဏ်ရာတွေ မမြင်ရပေမဲ့
နာကြဉ်တဲ့ဝေဒနာတွေက
ခံစားရခက်လိုက်တာကွယ်။

ချစ်သူရယ်
ချစ်သူနဲ့ကိုယ်
အကြင်နာတွေပိုလို့ချစ်ကြမယ်နော်။

ရင်ထဲကဝေဒနာတွေအတွက်
သံယောဇဉ် ဆေးတစ်စက်တော့
ပက်ဖြန်းပေးပါလား။
တစ်သက်တာထာဝရ
ပြည့်ဝတဲ့ချစ်ခြင်းတွေနဲ့ပေါ့။

4 comments:

  1. ရင်ထဲကဝေဒနာတွေအတွက်
    သံယောဇဉ် ဆေးတစ်စက်တော့
    ပက်ဖြန်းပေးပါလား။
    တစ်သက်တာထာဝရ
    ပြည့်ဝတဲ့ချစ်ခြင်းတွေနဲ့ပေါ့-------
    သံယောဇဉ် ဆေးစက်ပက်ဖြန်းပေးရအောင်ပြောပေးမယ် ဘယ်သူလဲ ပြောပြ
    ခင်တဲ့ sis jasmine

    ReplyDelete
  2. good...!!!.
    ဖတ်ရတာ အရင်အပုဒ်တွေနဲ့မတူဘူး..ပိုကောင်းလာတယ်လို့ခံစားမိတယ်...
    ဒီလိုပြောလို့ ဆရာကြီးလေသံနဲ့လို့မထင်လိုက်နဲ့အုံး...
    လမင်းကို ပိုပြီး ဖန်တီးမှုတွေမြင့်မားလာစေချင်တဲ့ ဆန္ဒမွန်နဲ့ပါ..
    ဒီတစ်ခါ စာလုံးပေါင်းလဲမှန်လာတယ်..ကဗျာလေးကလဲပိုကောင်းလာတယ်...
    fighting!!!.....အားပေးနေတယ်နော်...
    မိုးနတ်လဲ ကဗျာချစ်သူမို့..ကိုယ့်လို အမြဲအစဉ်တစိုက်ကဗျာရေးနေဖြစ်သူတွေကို
    တွေ့ရင် ကျေနပ်အားရမိတယ်....အားကျမိတယ်..လေးစားမိတယ်...
    မိုးနတ်လဲ ကောင်းသထက်ကောင်းအောင်ထုဆစ်နေပါတယ်....လမင်းရေ..
    အားပေးလျက်ပါ...ခင်တဲ့...မိုးနတ်

    ReplyDelete
  3. အဲဒီအခါမှာ
    ဒီသံယောဇဉ်ရဲ့နှောင့်ဖွဲ့မှုတွေဟာ
    ဒဏ်ရာတွေ မမြင်ရပေမဲ့
    နာကြဉ်တဲ့ဝေဒနာတွေက
    ခံစားရခက်လိုက်တာကွယ်။
    ကောင်းလိုက်တဲ့ကဗျာလေး

    ReplyDelete
  4. တကယ်ချစ်တာပဲလား?

    * ချစ်တာနဲ့ မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။
    * ချစ်တာက သံယောဇဉ်ကို အရင်းခံပြီး မေတ္တာကတော့ ဗြဟ္မစိုရ်တရားကို
    အရင်းခံပါတယ်။
    * သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ္မစိုရ်ကတော့ အေးမြစေတတ်ပါတယ်။
    * ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာက သူများအတွက်ပဲ ဖြစ်ပါတယ်။
    * ပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ ထိန်းချုပ်ချင်တာ၊ မနာလိုတာ၊ သဝန်တိုတာ စတာတွေဟာ အချစ်ရဲ့ သင်္ကေတ သဘောတွေဖြစ်ပြီး ကြီးပွားစေချင်တာ၊ အန္တရယ်ကင်းစေချင်တာ၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာတွေဟာ မေတ္တာရဲ့ သင်္ကေတ သဘောတွေ ဖြစ်တဲ့အတွက် အချစ်နဲ့ မေတ္တာဟာ အပူနဲ့ အအေးလို ကွားခြားလှပါတယ်။
    * ချစ်တာက တဏှာပေမတွေနဲ့ ရောယှက်နေတဲ့အတွက် ပူလောင်စေပြီး မေတ္တာကတော့ အကျိုးလိုလားခြင်း သက်သက်ဖြစ်တဲ့အတွက် အေးမြစေပါတယ်။
    * တစ်ယောက်နှင့်တစ်ယောက် တွေ့တုန်းဆုံးတုန်း ချစ်ခင်ကြခြင်းသည် တစ်ချို့ကအချစ်-ဂေဟဿိတပေမတဏှာကိုအရင်းခံကြသည်။ တစ်ချို့က မေတ္တာ-အပြစ်မလိုလားခြင်းကို အရင်းခံကြသည်။
    တကယ်စစ်မှန်သော မိတ်ဆွေစစ်ကိုကား ခွဲခြားဖို့ရန်ခက်ခဲလှသည်။ အမှန်စစ်မှန်သော အပေါင်းအသင်းတို့သည် မေတ္တာ-ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နားလည်တတ်ခြင်း-သဘောကို အခြေခံတတ်သည်။
    ထိုမေတ္တာရဲ့သဘောသဘာဝက-
    (၁) တစ်ဖက်သူရဲ့အကျိုးစီးပွါးကို ရှေးရှုကျင့်ကြံခြင်း၊
    (၂)ရန်ငြိုးကို ပယ်ဖျောက်နိုင်ပီး ငြိမ်းအေးခြင်းလက္ခဏာရှိခြင်း။
    (၃) သူတစ်ပါးတို့ရဲ့ စိတ်ချမ်းသာခြင်း၊ နှစ်သက်ခြင်းကိုသာ ပြုလုပ်တတ်ပြီး ဖြောင့်မတ်မှန်ကန်စွာ ကြည့်တတ်ခြင်း။(ဗုဒ္ဓ)
    * မျော်လင့်ချက်မထားပဲ သူဘာပဲဖြစ်နေနေ။ ကိုယ်ကသူ့ဆီမှ ဘာမျော်လင့်ချက်မှမလိုလား။ တကယ်လိုလားခဲ့သည့်တိုင် အဲဒီလိုလားတဲ့ မျော်လင့်ချက်ဟာ သူ့အတွက်ပဲဖြစ်ရမယ်။ သူဘယ်လိုအဆင့်တန်းပဲဖြစ်ဖြစ် နားလည်ပေးနိုင်ရမယ်။ ခွင့်လွှတ်တတ်ရမယ်။ သူ့ဆီက ပေးဆက်မှုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ့အပေါ်မှာသာမူတည်နေရမယ်။ ကိုယ့်အတွက်မစဉ်းစား။ ကိုယ့်အတွက်မလိုလားဘူး။ သူ့ဆီကမျော်လင့်ချက်တစ်ခုခု၊ ပိုင်ဆိုင်လိုမှုတစ်ခုခုကို မလိုလားဘူးလို့စိတ်ထားနိုင်ရမယ်။ သည်လိုမေတ္တာမျိုးကိုတော့ လိုချင်မှု-လောဘ၊ နှစ်ဦးနှစ်ဘက်ပျက်စီးခြင်းဒေါသ၊ အဆိုးအကောင်းကိုမဝေဖန်နိုင်ခြင်း မောဟ-တို့ လုံးဝကင်းစင်ပြီးသော အရိယာသူတော်စင်ဘုရား ရဟန္တာများသန္တာန်မှာသာ အမြဲဖြစ်နိုင်သည်။
    သာမန်လူများ၏ လူနည်းစုသန္တာန်မှာတော့ သည်မေတ္တာမျိုးဖြစ်လေ့ရှိကြသည်။ သည်လိုမေတ္တာမျိုးကိုထားနိုင်သောသူများလည်း ရှိကြသည်။ သို့သော် သူတို့သန္တာန်မှာအမြဲမဖြစ်နိုင်ကြ။ ရာထူးဂုဏ်သိမ်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု များလာချိန်နှင့် အလွန်သည်းခံနိုင်ခဲတဲ့အချိန်၊အမှန်တကယ်အခက်ခဲပေါင်းများစွားနဲ့ကြုံတွေ့ရတဲ့အချိန်မျိုးမှာ အဲသည်လို မေတ္တာမျိုးပျောက်ကွယ်သွားတတ်သည်။ ကြာကြာထိမ်းမထား
    နိုင်ပေ။
    သာမန်လူတော်တော်များများအတွက်ကတော့ မိမိကိုလည်းနားလည်ပေးနိုင်တယ် ၊ ခွင့်လွှတ်ပေးနိုင်တယ်၊ အနေလည်းနီးစပ်နေတယ်ဆိုရင် မိတ်ဆွေအဖြစ်ပေါင်းသင်းတတ်ကြသည်။
    သို့သော် လမ်းကြုံတဲ့အခါ ဈေးမှာ ထမင်းကျွေးရုံမျှဖြင့် ကူညီပေးကြခြင်းသည် မိတ်ဆွေစစ်ကား ဖြစ်မလာနိုင်သေး။ မိတ်ဆွေစစ်ဟု မခွဲခြားနိုင်သေး။ မိမိကိုယ်ကိုက မိတ်ဆွေစစ်ဟုတ်မဟုတ်ကိုတော့ လူတော်တော်များများ ဆန်းစစ်ကြည့်ကြမည်မဟုတ်ပေ။ သို့ဆိုကာမူ မိမိကရော မိတ်ဆွေပီသသလားလို့ ဆန်းစစ်ကြည့်မိတဲ့အခါတိုင်း မိမိအပေါ်မှာ ဘယ်အတိုင်းတာထိအနွံတာခံ၊ ယုံကြည်အားထားရတဲ့သူရှိနေပြီလဲ ဆိုတဲ့ ခြားနားချက်အားဖြင့် ခန့်မှန်းနိုင်သည်။
    တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုသည် ထိုသူတို့၏နောက်ကွယ်တွင် ပိုမိုထင်ရှားကြောင်း သက်သေအဖြစ်ရှိရမည်။ နောက်ကွယ်မှာမိမိအပေါင်းသင်းနှင့်ပတ်သက်လာလျှင် မိမိက မိမိရဲ့အပေါင်းအသင်းအတွက် အကောင်းဆုံးကိုယ်စားပြုခြင်းဖြစ်နေရမည်။ သည်လိုဆို ပေါင်းသင်းခြင်းစစ်မှန်မမှန် ခွဲခြားနိုင်သည်။ တကယ်ချစ်တတ်သူအဖြစ်သတ်မှတ်နိုင်သည်။

    ရေးသားသည်။ ။ ဒုခမံ ခမတိ၊ ဒုဒ္ဒဒံ ဒဒါတိ၊ ဒုကရံ ကရောတိ-အင်္ဂုတ္တရနိကါယ်မေတ္တာသုတ်ပါဠိနှင့် A Friend in need is a Friend indeed -စားသားများကို အခြေခံလျှက် မိမိညာဏ်စွမ်းသလောက်မျှဝေလိုက်ရပါသည်။
    မေတ္တာဖြင့်။ sonmothers@gmail.com

    ReplyDelete