Saturday, December 21, 2013

ကျိန်စာသင့်တဲ့ ဒီဇင်ဘာ

 
အလွမ်းကဗျာ စာတွေရေးလို့
ပန်းကမ္ဘာလေးလို့ ခေါင်းစဉ်တပ်လိုက်မယ်။

ကိုယ်ချစ်တဲ့ ချစ်သူရယ်။ ထို့နောက် -
ကိုယ့်အိပ်မက်ထဲက စိတ်ကူးတွေရယ်
အတူတူပေါင်းစုံမိတဲ့ ညလေးတစ်ည
လ, ကလေးကလဲ မှိန်မှိန်ပြပြပေါ့။

ဒီဇင်ဘာညရဲ့ ရင်ခွင်ထဲမှာ
ရင်ခုန်သံတွေကို သီကုံးလို့
ေေေ ကော်ဖီတစ်ချို့နဲ့ ဖုံးအုပ်ထားချင်တယ်။

ဒါပေမဲ့ - - ဒီဇင်ဘာရယ် -
ငါ့နှလုံးသားကို အပြစ်ပေးလို့
ချစ်သူနဲ့ဝေးစေခဲ့တယ်နော်။

ရက်စက်တယ်လို့ မပြောရက်ပေမဲ့
ခပ်ဆက်ဆက်နာနေတဲ့ ငါ့အသဲမှာ
“ကျိန်စာသင့်တဲ့ ဒီဇင်ဘာ” လို့ပဲ
ကမ္ဗည်းထိုးလိုက်တော့မယ်။

No comments:

Post a Comment