Monday, August 6, 2012

ဒဏ်ရာတွေနဲ့ငါ


 တည်ငြိမ်နေတဲ့ နှလုံးသားထက်မှာ
ပြန်လည်ရိုက်ခတ်စေခဲ့သည်ကား
သူကြည့်ခဲ့တဲ့ မျက်ဝန်းတစ်စုံ။

ပေါက်ကွဲလုမတက် ခံစားချက်တို့ဖြင့်
အထိနာခဲ့တဲ့ နှလုံးသားဟာ
ယခင်ဒဏ်ရာတွေ ပျောက်ခါစမှာ
သူ့အပြုံးတွေကြောင့်
ပြန်လည်နိုးထလာခဲ့ပါပြီ။

နှလုံးသားရဲ့ ရင့်ကျက်တဲ့
လက္ခဏာကို မသိသေးတာလား ?
ဒါမှမဟုတ် . . .  မရှိသေးတာလား ?

ေ၀၀ါးတဲ့ဆုံးဖြတ်မှုတွေကြားမှာ
နစ်မြောသွားတဲ့ ခံစားချက်တစ်ချို့ဟာ
သာယာမှု အချို့ကို ကျေနပ်နေတာများလား ?

အချစ်ဆိုတာကို
ဖွင့်ဆိုချက် မှားယွင်းစွာ နားလည်မိတဲ့ငါ
နောက်တစ်ခါ အသည်းကွဲဖို့အတွက်
ခံစားချက်တို့ မြူးနေခဲ့တာထင်ပါတယ်။

တကယ်တော့လဲ  -
ငါ့နှလုံးသားဟာ
ဒဏ်ရာတွေနဲ့ ဆက်စပ်ထားခဲ့တာ
ဖြစ်ပါလိမ့်မယ်။
(အသက်ရှင်နေသရွေ့ ခံစားချက်တွေပွေ့ပိုက်ရင်းပေါ့)

4 comments:

  1. မှန်း-----ဘယ်မလဲ ဒဏ်ရာတွေ
    ဆေးထဲ့ပေးမလို့လာခဲ့တာ-----စတာနော်
    ကဗျာလေး ကောင်းမှကောင်းပဲလမင်းရေ

    ReplyDelete
  2. ပေါက်ကွဲလုမတက် ခံစားချက်တို့ဖြင့်
    အထိနာခဲ့တဲ့ နှလုံးသားဟာ
    ယခင်ဒဏ်ရာတွေ ပျောက်ခါစမှာ
    သူ့အပြုံးတွေကြောင့်
    ပြန်လည်နိုးထလာခဲ့ပါပြီ။

    ကောင်းလိုက်တဲ့ ကဗျာလေး

    ReplyDelete
  3. ကဗျာလေးကောင်းတယ် ... အားပေးသွားတယ်နော် ... :)

    ReplyDelete
  4. အားပေးသွားခဲ့တယ်နော် ..းး))

    ReplyDelete