ခံစားမှု ရပ်ဝန်းကြားမှာ
မွေးဖွားလာတဲ့
သံစဉ်လေးတွေကို
ကဗျာတွေလို့
ခေါင်းစဉ်တပ်ခဲ့ကြတယ်။
ချစ်ခဲ့စဉ်ကလဲ
ကဗျာတွေဘဲမွေးဖွားလာခဲ့တယ်။
မုန်းကြပြီဆိုတော့လဲ
ကဗျာတွေဘဲ ရေးဖွဲ့တတ်ကြတယ်။
လှပတဲ့ စကားတွေကို
သီကုံးရင်း
နှလုံးသားချင်း
မိတ်ဖြစ်တဲ့အခါ
ကဗျာတွေဟာ အရေးပါခဲ့တယ်။
အလွမ်းတွေကို ဖော်ပြဖို့
ခံစားမှုတစ်ချို့ကိုလဲ
ကဗျာအဖြစ်နဲ့
ရေးစပ်ခဲ့ကြတယ်။
ရင်ထဲက ဘာတွေဘဲ ဖြစ်လာ
ဖြစ်လာ
ကဗျာဟာ
နေရာတကာပါခဲ့ပြီလေ။
အခုလဲ . . . . . .
ငါပြောချင်တာတွေ
ဖော်ပြဖို့အတွက်
ကဗျာတွေနဲ့
ပေါင်းစပ်လိုက်ပြန်ပြီ။
သြော် . . . ငါ့ဘ၀မှာ
ကဗျာဟာလဲ သူမပါဘဲ
မဖြစ်တော့ဘူးလေ။
ဒါ့ကြောင့် . . . . . .
ငါချစ်တဲ့ ကဗျာတွေအတွက်
ငါဟာ
ရှင်သန်လျှက်ရှိနေဆဲပါ။
ဟုတ်တယ် jasmine လဲဒီလိုပါပဲ
ReplyDeleteချစ်တဲ့ကဗျာရယ်
ချစ်ရတဲ့ ချစ်သူရယ်အတွက်ဆက်လက်ရှင်သန်ရမယ်
လောကကိုကောင်းမှုတွေပြုရမယ်
ဒါ့ကြောင့် . . . . . .
ReplyDeleteငါချစ်တဲ့ ကဗျာတွေအတွက်
ငါဟာ ရှင်သန်လျှက်ရှိနေဆဲပါ။
အရမ်းမှန်တယ် ကိုယ်ချစ်တဲ့ကဗျာအတွက် ရှင်သန်နေရမှာပါပဲလေ