အတိတ်၏အရိပ်တို့သည်
ပန်းတစ်ပွင့်ပမာ။
နွမ်းခြောက်သွားပေမဲ့
ပွင့်ဖက်တို့ ပြန့်ကျဲနေတဲ့
နှလုံးသားမှာတော့
ခပ်ဖျော့ဖျော့အရောင်တို့သာ
စိုးမိုးနေခဲ့ပါပြီ။
ပန်ဆင်ထားလို့လှနေတော့လဲ
စွန့်ပစ်ရက်တဲ့သူ
မရှိပါဘူး။
ရနံ့ကင်းလို့
မလှတော့တဲ့အခါ
ငြှိုးငယ်စွာဘဲ
ကြေကွဲရပါတယ်။
အလှတရားကိုတန်ဘိုးထားတတ်ပေမဲ့
ခံစားဘို့သက်သက်နဲ့
အသုံးပြုခဲ့ကြတယ်လေ။
ပန်ဆင်သူ
ရင်မှာအေးစေဖို့
ပန်းတစ်ချို့ရဲ့
ပေးဆပ်မှုတွေကို
နားလည်နိုင်သူက ရှားပါတယ်။
တကယ်တော့
မင်းမြတ်နိုးခဲ့တဲ့ပန်းလေးနဲ့
မင်း
တန်းဘိုးမထားတော့တဲ့ ငါ့ဘ၀ဟာ
ဘာမှမထူးတော့ပါဘူး။
ပန်းကလေးလဲ မြေမှာ ခ
ငါ့ ဘ၀လဲ . . . . . . .
. ။
မရှင်သန်နိုင်တော့တဲ့ ပန်းတွေအတွက်
ပန်းပျိုးလက်လေးနဲ့
ထိတွေ့ခဲ့မယ်ဆိုရင်
တစ်ပွင့်ကျလဲ
တစ်ပွင့်လှဆဲဖြစ်နေမှာပါ။