တစ်ခါ တစ်ခါ
ကိုယ့်အမြင်မှာတော့
ချစ်သူကလွဲလို့
ကမ္ဘာကြီးကိုလဲ
မမြင်တော့ပါ။
တစ်ခါ တစ်ခါ
ကိုယ့်ဝေဒနာ
ဖြေစရာမရှိတော့
ဘယ်လိုကုစားမှုမျိုးမှ
မဖြစ်နိုင်ပါ။
တစ်ခါ တစ်ခါ
ကိုယ့်အကြင်နာ
သူ မမြင်သာတော့
ကိုယ်ဘယ်လိုမှ
မပျော်နိုင်ပါ။
တစ်ခါ တစ်ခါ
ကိုယ့်အတွေးမှာ
သူဝင်လာတော့
ကိုယ်ပျော်မိတာ အမှန်ပါ။
တစ်ခါ တစ်ခါ
သူ မကြင်နာ
ရှောင်ခွာသွားတော့
ကိုယ်ဘာကိုမှ မတွေးခြင်ပါ။
တစ်ခါ တစ်ခါ
သူ့နေရာ
ကိုယ်ဝင်လာတွေးကြည့်တော့
`သူလဲပဲ ကိုယ့်လို့ပေါ့´လို့
ကိုယ်ထင်မိတာ မရှိခဲ့ပါ။
ဟုတ်တယ် သူလဲပဲ ကိုယ့်လိုပေါ့
ReplyDelete