Friday, June 8, 2012

ဆက်ချစ်ခွင့်


ကိုယ့်ရင်ခွင် နှလုံးသားကြားမှာ
ခိုနားသွားခဲ့တဲ့ မင်းရဲ့ ကိုယ်သင်းရနံ့လေးတွေ
ခုချိန်ထိ စွဲကျန်နေပါသေးတယ်။

ရင်ခွင်ပြောင်းသွားခဲ့ပေမဲ့
ဟာနေတဲ့ ကိုယ့်ရင်ဘတ်ထဲမှာ
မင်းပုံရိပ်တစ်ခုဘဲ လက်ခံထားတယ်။

ချစ်ခွင့်တွေရှိနေသေးပေမဲ့
ချစ်နေချင်တဲ့ နှလုံးသားက
မင်းဆီမှာ ပါသွားခဲ့ပြီလေ။

မကြင်နာလို့ တမင်ရှောင်သွားပေမဲ့
မင်းခိုနားတဲ့ တစ်ခြားရင်ခွင်ဟာ
မင်းဘ၀ကို အေးမြစေတယ်ဆိုရင်
ကိုယ်ကျေနပ်ပါတယ်။

မချစ်တော့လို့ ပြစ်သွားခဲ့ပေမဲ့
ချစ်နေတဲ့ ငါ့နှလုံးသားမှာ
မင်းအတွက် တစ်နေရာစာပဲ ရှိပါတယ်။

ငါရှင်သန်နေသရွေ
မင်းပြန်လာချင်တဲ့ နေ့အထိပေါ့။

4 comments:

  1. ချစ်တတ်လိုက်တာနော်
    သူလဲပြန်ချင်ရင်ပြန်လာမှာပေါ့နော်

    ReplyDelete
    Replies
    1. လာမယ်ထင်လို့ စောင့်နေခဲ့တာလေ အခုတော့ လူပျိုကြီးဖြစ်ရောပေါ့။

      Delete
  2. ကဗျာလေး အားပေးသွားပါတယ် လင့်လဲယူသွားတယ်နော်

    ReplyDelete
  3. လာမယ်ထင်လို့သာ စောင့်နေခဲ့တာလေ။ အခုတော့ လူပျိုကြီးဖြစ်ရောပေါ့

    ReplyDelete