လောလောဆယ်တော့
သွေးအေးနေခဲ့တယ်။
ကဗျာတစ်ပုဒ်အတွက်
ခံစားချက်တွေ စုစည်းနေခဲ့တယ်။
ဖြစ်ပေါ်လာတဲ့
ဝေဒနာတွေအားလုံးကို မှတ်တမ်းတင်ခဲ့တယ်။
သံစဉ်တွေ
အနေနဲ့ ဖွဲ့စည်းပြီးတော့ တဖြည်းဖြည်းချင်းရွတ်ဆိုကြည့်မိတယ်။
အင်း . .
. ကဗျာလား ဘာလား သေချာတော့ မသိတော့ဘူး။
ဝေဒနာတွေ
ဖြေသာဖို့အတွက် ကဗျာအဖြစ်ဖန်တီးလိုက်တာလေ။
ရင်တွင်းက
အဖြစ်ဆိုးတွေ ကြေငြာဖို့ စာတမ်းပြုစုထားခဲ့တာမဟုတ်ပါဘူး။
နှလုံးသား
တံခါးဝမှာ လမ်းညွှန်မြေပုံတစ်ခုတင်ထားဖို့ စိတ်ကူးတွေဝင်လာခဲ့တယ်။
အချစ်ကို
တန်ဘိုးမထားတတ်သူများကြောင့် ပျော်ရွှင်ခြင်းတွေ သေဆုံးနေရတယ်ဆိုတာ
ကမ္ဘာလောကကြီးသိသွားအောင်
နှလုံးသွေးစီးဆင်းတဲ့နေရာတိုင်းမှာ အချက်ပြစာတွေကပ်ထားမယ်။
အချစ်နဲ့ရိုးသားမှုကို
ရန်တိုက်ပေးတဲ့လူတွေကို ရှင်သန်နေသ၍ ကံခေ စေဖို့ ကျိန်စာတိုက်ခဲ့တော့မယ်။
ဖြူစင်စွာချစ်ခဲ့မိတဲ့
ငါ့အချစ်တွေကို သံသယတွေနဲ့ပက်ဖျန်းခဲ့တဲ့အတွက် (သူ့ကို )လွမ်းနေဖို့အတွက်
သင့်၊ မသင့်
အချစ်ဂုရုကြီးတွေနဲ့တိုင်ပင်ဖို့အတွက် ကျိုးစားနေပါတယ်။
လေးစားပါတယ်။
အားလုံးကိုလဲ ချစ်ပါတယ်။
ဒါပေမဲ့
. . သူ့ကိုတော့ . . . .