Saturday, February 4, 2012

အုံ့ပုန်းချစ်



တွယ်တာမိတဲ့သူပါ
ကွယ်ရာကဘဲ ချစ်နေရတယ်လေ။

သူ မကြင်နာလို့ စိမ်းပေမဲ့
ချစ်မိသူမောင့်အတွက်
ဖြေရခက်တယ်ကွယ်။

သံယောဇဉ်တွေရယ်
ပြန်ပြောရင် အခက်သားမို့
ခံစားရတိုင်းသာ
မျက်ရည်ကျရင်ဖြင့်
ရင်နင့်အောင် ချစ်ခဲ့မိသူအတွက်
ဒဏ်ချက်တွေကများပါတယ်။

သြော်  -  - ခင်ရယ် -  -  -
ရင်ခုန်သံတွေ မရပ်သရွေ့တော့
ဆက်လို့သာ ချစ်နေပါဦးမယ်။

No comments:

Post a Comment