Wednesday, May 23, 2012

အချိန်မှီပြင်ထားပေးပါ



တိမ်တိုက်တစ်ချို့ရဲ့ လွဲမှားမှုကြောင့်
သစ်ပင်ငယ်တစ်ချို့သေဆုံးရဖူးတယ်။
ေ၀၀ါးနေတဲ့ ဆုံးဖြတ်မှုတွေကို
အချိန်မှီ ပြင်ထားပေးကြပါ။
တို့တွေဟာ သက်ရှိတွေဆိုတာကို
ဘယ်တော့မှ မမေ့လိုက်ပါနဲ့။

မှားယွင်းတဲ့ ကုသချက်တစ်ခုကြောင့်
အသက်တွေ ပျောက်ဆုံးခဲ့ရတယ်။
မရေရာမှုတွေကို အချိန်မှီပြင်ထားပေးပါ။
တို့တွေက အစမ်းသတ်ခံတွေမဟုတ်ဘူးဆိုတာ
အမြဲတမ်း သတိရပေးဖို့ တောင်းဆိုပါတယ်။

လွဲမှားတဲ့ စီရင်ချက်တွေကြောင့်
ဘ၀တွေ နစ်နာခဲ့ရပေါင်းများနေပါပြီ။
မကျေနပ်မှုတွေကို တာဆီးပေးကြပါ။
တို့တွေမှာ လွတ်လပ်ခွင့်ကိုယ်စီရှိတယ်ဆိုတာ
ဖုံးကွယ်ထားလို့ မရတော့ပါဘူး။

ဘ၀ထဲက ဘ၀တစ်ခုပါဘဲ။
သမိုင်းထင်ကျန်တာတွေကောင်းအောင်
အမြင်စောင်းနေလို့မရတော့ဘူးလေ။

မကောင်းတဲ့ အိပ်မက်တွေ မမက်ပေမဲ့
လန့်နိုးလို့နေတဲ့ ညတွေကိုကျော်ဖြတ်နိုင်ဘို့
ခွန်အားတို့ စုစည်းထားကြပါ။

ကျော်တက်လို့မရသေးပေမဲ့
ကျော်ဖြတ်လို့ရတာတွေကို
ဦးစားပေးထားလိုက်တော့လား။

အချိန်သည် လူကိုစားနေသည်ကို
သတိပြုကြပါတော့။

No comments:

Post a Comment