Wednesday, May 16, 2012

မင်း နဲ့ ငါ



မင်း နဲ့ ငါ
အတ္တမပါတဲ့ အချိန်တွေမှာ
ပျော်ရွှင်စရာတကယ်ကောင်းခဲ့တယ်။

မင်း နဲ့ ငါ
ယုံကြည်စွာလျှောက်လှမ်းဖို့
စိတ်ကူးတစ်ချို့နဲ့ ပြောခဲ့ဘူးတယ်။

မင်း နဲ့ ငါ
ရှင်သန်ပေါက်ဖွားရာမတူလို့
နှစ်သိမ့်ဖို့ ကြိုးစားခဲ့ဘူးတယ်။

မင်း နဲ့ ငါ
ကြင်နာစွာ ပွေ့ဖက်ဖူးလို့
ခံစားမှုတစ်ချို့ကို စွဲလမ်းဘူးတယ်။

မင်း နဲ့ ငါ
ကြည်နူးစရာတစ်ချို့နဲ့
ဝမ်းနည်းဖို့ မေ့နေခဲ့ဘူးတယ်။

အချိန်တွေရှိနေသ၍
မင်း ကို ငါ မမေ့သလို
ငါ့ ကို မင်း သတိရခဲ့ရင် . . .

မင်း နဲ့ ငါ
ကမ္ဘာတည်သရွေ့
သံစဉ်တစ်ချို့ကို
ပြိုင်တူရွတ်ကြမယ်။

`` အရမ်း ချစ်တယ်´´

No comments:

Post a Comment