Wednesday, March 21, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၅ )



မျိုသိပ်ခဲ့ရပေါင်းများလှပါပြီ။

ချစ်တာတွေ စာစီရရင်တော့
လွန်တာပေါ့လို့ဘဲ မင်းပြောလေမလား။

ချစ်သက်ထား လက်ခံမယ်ဆို
ကိုယ်တကယ်ကို အောချလိုက်ချင်ပါတယ်။

ယုံတယ်ဆိုအဖြေပေး
တသက်မခွဲကျေးလို့ဘဲသစ္စာဆိုဆို
ဘယ်လိုဘဲပြောရပြောရ
ကိုယ့်ဘ၀က မင်းမှမင်းပါဘဲချစ်သူရယ်။

ကိုယ့်တစ်သက်မှာ အဖိုးဖြတ်မရတဲ့အရာဟာ
ချစ်သူပါဘဲလို့ပြောရင်
မင်းယုံချင်ပါမလားနော်။

ကံတရားရဲ့စေစားမှုအောက်မှာ
ပျောက်သွားတဲ့ နှလုံးသားတစ်စုံကို
ဘယ်လိုပုံဖော်ထားလဲ
မင်းသိချင်မှာပေါ့နော်။

တကယ်တော့လဲ
အဲဒါဟာ - - - - - -
I miss you ပါတဲ့။

Friday, March 9, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၄ )



နင် ငါ့ကို ဘယ်လောက်ချစ်လဲတဲ့။
အချစ်တစ်ခုကို ဘာနဲ့တိုင်းတာပြရမလဲ။
ငါရဲ့ သိစိတ်ထဲမှာလဲ နင်ဘဲ
မသိစိတ်ထဲမှာလဲ နင်ဘဲ
ငါ့ဘ၀ရဲ့ ခံစားမှုတွေအားလုံးကို
နင်ဘဲ လွှမ်းမိုးထားတယ်လေ။

အချစ်ရဲ့ အဓိပ္ပါယ်ကိုတော့ ငါမသိဘူး။
ဒါပေမဲ့ ရှေးကလူကြီးတွေလဲ
ဒီလိုဘဲချစ်သွားတယ်ထင်တယ်။

ဘာပဲဖြစ်ဖြစ်  ဘ၀တစ်ခုထဲကို
နောက်ဘ၀တစ်ခုပေါင်းထည့်လိုက်တယ်။
ဘ၀နှစ်ခုက ဘ၀တစ်ခုဖြစ်လာတယ်။

နောက်တော့
ဘ၀တစ်ခုက ဘ၀တွေအများကြီးကို  ဖန်တီးလိုက်ကြတယ်။
 ဒါ့ကြောင့် ဘ၀ထဲက ဘ၀တစ်ချို့ဟာ
အချစ်ရဲ့ အစိတ်အပိုင်းလို့ဘဲ  ငါနားလည်ထားခဲ့တယ်လေ။

ကိုယ့်ချစ်သူတစ်ယောက်ကို
ညင်သာစွာ နမ်းရှိုက်ရင်း
ကြင်နာစွာ ပွေ့ဖက်ပြီး
သံယောဇဉ်လက်တွေနဲ့ ဖေးမခဲ့တာတွေ
ချိုသာတဲ့စကားလုံးတွေနဲ့
သူစိတ်ချမ်းသာအောင် ပြောခဲ့တာတွေ
သူစိတ်ညစ်တယ်ဆိုရင်
ဟာသပုံပြင်လေးတွေပြောပြတာတွေ
ဒါတွေဟာ သူ့ကိုချစ်တဲ့သက်သေတွေလေ။

ချစ်သူရယ်
မင်းမှတ်မိဦးမယ်ထင်ပါတယ်။
မင်းစက်ဘီးပေါ်က ဆင်းတော့
ခြေထောက်ခွင်ပြီးလဲသွားတယ်လေ
လမ်းမလျှောက်နိုင်တဲ့မင်းကို
ပခုံးထက်မှာထမ်းလို့ ဆေးခန်းပို့ခဲ့ဘူးတယ်နော်။

နောက်ဆုံး
မင်းကောင်းစားဘို့အတွက်
တစ်ခြားတစ်ယောက်ကို လက်ထက်ခဲ့တာရော
ငါဘာပြောခဲ့လို့လဲ

အဲဒါတွေက မင်းကိုချစ်တဲ့ ငါ့အတွက်
လုံလောက်တဲ့ သက်သေပြချက်တွေမဟုတ်ဘူးလား။

သြော် ချစ်သူရယ်  ..     .. .. .. .. ။

Sunday, February 26, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၃ )



အတူလျှောက်ဖူးတဲ့ လမ်းကလေးတွေထက်မှာ
ပျော်ခဲ့ဖူးတဲ့ အတိတ်ပုံရိပ်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။

သူပြောခဲ့တဲ့ စကားသံငွေ့ငွေ့လေးလဲ
ဘေးဝဲယာမှာ လွင့်ပြန့်ကျဲနေခဲ့ပါပြီ။

မမေ့နိုင်သေးတဲ့ သူ့အပြုံးလေးတွေဟာ
ရင်ထဲမှာခုချိန်ထိနေရာယူထားဆဲပါ။

သြော်  . . . . . . . နှုတ်မဆက်ဘဲ
ထွက်သွားခဲ့တဲ့ ချစ်သူရယ်
ဘယ်လို နားလည်ရမှာလဲ။

ထားရစ်ခဲ့တာကို အပြစ်လို့မမြင်ရက်ပေမဲ့
ချစ်ခဲ့လွန်းတော့လဲ ခံစားရခက်တယ်ကွယ်။

နောင်ဘ၀မှာ အတူပေါင်းဆုံနိုင်ဖို့အတွက်
ရောက်ရာဘ၀က စောင့်နေတယ်ဆိုရင်
ကိုယ်အလျှင်မြန်လေးပြေးလာခဲ့ချင်တယ်။

ချစ်သူရေ . . . . . . . . . . . .
ခုချိန်မှာသာ ကိုယ်ရဲ့တိုင်တည်သံတွေကို
ချစ်သူလေးကြားနေခဲ့ရင် သစ္စာတွေ ရင်မှာပိုက်ပြီး
ချစ်သူရှိရာကို လိုက်ခဲ့ချင်တယ်
ရောက်ရာဘ၀က ကိုယ့်ကို ကြိုနေပါနော်။

ချစ်သူရယ် . . . . . . . . . . . .
ဒီကဗျာ တမ်းချင်းရေးနေချိန်မှာ
မင်းကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျခဲ့ရတဲ့အကြိမ်ပေါင်း
သိန်းသောင်း မကတော့ဘူးဆိုတာ
ကိုယ့်ဝိညာဉ်လေးကို ချစ်သူရှိရာဆီ
သက်သေခံဖို့အတွက် လွှတ်လိုက်ချင်ပါတယ်။

( ချစ်သူလေး ကောင်းရာသုဂတိရောက်ပါစေ )

Saturday, February 25, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၂ )



ဘ၀တစ်ခုက ဘ၀တစ်ခုကို
လူတစ်ယောက်က လူတစ်ယောက်ကို
အခြေနေတစ်ခုက အခြေနေတစ်ခုကို
အဆင့်တန်းတစ်ခုက အဆင့်အတန်းတစ်ခုကို
ပေါင်းစပ်ဖို့ ရည်ရွယ်ခဲ့တာပါ။

သံယောဇဉ်တွေ အချစ်တွေ
မေတ္တာတွေ ရင်ခုန်သံတွေ
ဒါတွေအားလုံးဟာ
ခံစားမှုကမွေးထုတ်ပေးလိုက်တာဆိုရင် -- -- ။

သူကချစ်လို့ ကိုယ်က ကျေနပ်နေတာ
ကိုယ်က ပြန်ချစ်လို့ သူက သဘောကျနေတာ
တကယ့် တကယ်တော့
ကျွန်ုပ်တို့အားလုံးကို
တစ်စုံတစ်ခုကများ လှည့်စားနေတာလားဆိုတာ
ဘယ်သူတွေကများတွေးမိပါလိမ့်။

တကယ်တော့လဲ ကိုယ်နှစ်သာတာကို
သူကလိမ်နေတာတွေ
သူသဘောကျတာတွေကို
ကိုယ်က ပြန်လိမ်ပြနေတာတွေ
အဲဒါတွေ အားလုံးကို
ကျနော်တို့ နားလည်နိုင်ခဲ့ကြတယ်
ခွင့်လွတ်နေခဲ့ကြတယ်။

ဖြစ်သင့်တာကို လာပြောရင် စိတ်ဆိုးတယ်
ဖြစ်ချင်တာကိုပြောလို့မရရင်
သဘောမကျတော့ဘူး။

ကျနော်တို့ ချစ်သူနှစ်ဦး
နားလည်မှုကိုတည်ဆောက်ရင်း
အခုချိန်ထိလွမ်းနေသေးတယ်
လောကကြီးရယ် - - - - - - ။

Tuesday, February 14, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၁ )




ပျော်ရွှင်းခြင်းတို့၏ ဆုံဆည်းရာနေရာလေးမှာဘဲ
ဝမ်းနည်းခြင်းတွေ နေရာယူခဲ့ဘူးပါသည်။
မည်သည့်ခံစားမှုကိုမျှ ထာဝရလက်ခံခြင်းမရှိသေးပါ။

နှလုံးသား၏ ထောက်ပံမှုအားကောင်းသလောက်
အပြုံးပန်းတို့ ပွင့်လန်းခဲ့ဘူးပါသည်။
သောကဒဏ်ချက်တို့ ထိုးနှက်လေသောအခါ
ညှိုးငယ်စွာ ရှင်သန်နေရသည်လည်း ရှိဘူးပါတယ်။

အလွမ်းတွေ ပျော်မြူးနေတဲ့ညတွေမှာဆို
တိမ်တွေကလည်းငို ရွှေမိုးကလည်းပြိုတော့မလို
တိတ်ဆိတ်တဲ့ ညရဲ့ တောင်ပံခတ်သံတွေကြောင့်
သိမ်ငယ်နေတဲ့ သံယောဇဉ်တစ်ချို့တောင်
ဖရို ဖရဲ ပြန့်ကျဲ ခဲ့ဘူးပါတယ်။

အိပ်မက်ထဲက ဒဏ္ဍာရီတွေကြားမှာ
လွင့်မျောသွားတဲ့ အပြုံးတစ်စုံကို
ခုံမင်စွာ မက်မောခဲ့မိလို့
စိတ်ကူးမလှတဲ့ ဘ၀တစ်ချို့ကို
မြေဖို့ပြစ်ဘို့ ဆုံးဖြတ်ခဲ့ဘူးပါတယ်။

ဘယ်တော့မှ မရနိုင်တော့တဲ့ လက်ဆောင်တစ်ချို့ကို
လျှိုးဝှက်စွာ သိမ်းပိုက်ရန်အတွက်
ဟောဒီ ရင်ဘတ်ကြီးကိုဘဲ အမြဲဖွင့်ထားလိုက်ပါတော့မယ်။

Sunday, February 12, 2012

ချစ်သူ့လက်ဆောင် ( ၂ )



ရင်နင့်အောင်ချစ်ခဲ့မိသူပါ။
သူသိအောင် ဘယ်လိုပြောရပါမလဲ။
ချစ်ရန်တစ်ခုသာ အင်းအားရှိခဲ့ပေမဲ့
သူ့အမုန်းများအတွက်ခံနိုင်ရည်မရှိသေးပါဘူး။

ဖွင့်ပြောဖို့ ရည်ရွယ်ထားသော်လဲ
သူမပြုံဘဲနေလို့ ကိုယ်လဲမြိုသိပ်ခဲ့ရပါတယ်။
သူ့အကြည့်တစ်ချက် ကြုံလိုက်တိုင်း
ရင်ထဲမှာ တုန်ခါခဲ့ရပေါင်းများပါပြီ။

အော် -  -  -
ဖေဖော်ဝါရီ ( ၁၄ ) ရက်
သူ့အတွက် ချောကလက်လေးတစ်ခု။
ပေးဖို့ရည်ရွယ်ပြီး ၀ယ်ထားခဲ့ပေမဲ့
ကိုယ်ရဲ့ သိမ်ငယ်စိတ်တွေဖိအားများလာလို့
ဒီနေ့ထိ မပေးမိခဲ့ပါဘူး။

ဒီနှစ်အတွက်ရောပေါင်းလိုက်ရင်
( ၃ ) ခုတိတိရှိသွားပြီ။

ကံတရားရဲ့စေစားမှုအောက်မှာ
အလှည့်များကျရောက်ခဲ့ရင်
ကျနော်ချစ်သူအတွက်
ချောကလက် ( ၃ ) ခုနဲ့အတူ
ချစ်ခွင့်ပြုဘို့ တောင်းဆိုချင်ပါတယ်။

``ချစ်သူရယ် - - - - - -
   ကိုယ့်အတွက် ချစ်သက်သေက
   သူတို့လေးတွေပေါ့ ´´ လို့။

Tuesday, February 7, 2012

ချစ်သူ့လက်ဆောင် ( ၁ )



မခွဲမခွာ
ချစ်မြဲချစ်လျှက်သာ
လက်တွဲမဖြုတ်ဘဲ
ဘ၀ကိုတည်ဆောက်ကြမယ်နော်။

မလိုသူတွေကြားမှာ
ဒို့နှစ်ဦး သဘောထားတူခဲ့ရင်
သူများတွေ ဘယ်လိုဖျက်ဖျက်
တစ်သက်မပျက်ကြေးနော်။

ချစ်သူ
သေတပန် သက်တစ်ဆုံး
အပြုံးမပျက်
အမုန်းအဖက်ဘဲ
အကြင်နာတွေနဲ့
အဆုံးသတ်ကြရအောင်နော်။

သြော် -  -  ချစ်သူရယ်
ဒီနေ့ မင်းအတွက်
ကိုယ်လက်ဆောင်ယူလာခဲ့ပါတယ်။
အဲဒါ  .    .   .   .  .  .
(မင်းကို အရမ်းချစ်တယ်။)

ချစ်သူလေး ထာဝရပျော်ရွှင်နိုင်ပါစေ။