Wednesday, March 21, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၅ )



မျိုသိပ်ခဲ့ရပေါင်းများလှပါပြီ။

ချစ်တာတွေ စာစီရရင်တော့
လွန်တာပေါ့လို့ဘဲ မင်းပြောလေမလား။

ချစ်သက်ထား လက်ခံမယ်ဆို
ကိုယ်တကယ်ကို အောချလိုက်ချင်ပါတယ်။

ယုံတယ်ဆိုအဖြေပေး
တသက်မခွဲကျေးလို့ဘဲသစ္စာဆိုဆို
ဘယ်လိုဘဲပြောရပြောရ
ကိုယ့်ဘ၀က မင်းမှမင်းပါဘဲချစ်သူရယ်။

ကိုယ့်တစ်သက်မှာ အဖိုးဖြတ်မရတဲ့အရာဟာ
ချစ်သူပါဘဲလို့ပြောရင်
မင်းယုံချင်ပါမလားနော်။

ကံတရားရဲ့စေစားမှုအောက်မှာ
ပျောက်သွားတဲ့ နှလုံးသားတစ်စုံကို
ဘယ်လိုပုံဖော်ထားလဲ
မင်းသိချင်မှာပေါ့နော်။

တကယ်တော့လဲ
အဲဒါဟာ - - - - - -
I miss you ပါတဲ့။

No comments:

Post a Comment