Tuesday, April 10, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၆ )



ကမ္ဘာမြေကြီးကိုဘဲ တိုင်တည်မိပါတယ်။
ရေမြေတွေခြားလို့ ဝေးကွာသွားခဲ့ရင်
သံယောဇဉ် အမျှင်တန်းတွေဟာ
ဆွဲဆန့်သမျှ ရှည်ပါစေလို့။

သူရှိတဲ့နေရာ ကိုယ်မလာနိုင်တဲ့တစ်နေ့
သူမေ့လို့သွားမယ်ဆိုရင်
သူသာ အရင် လွမ်းပါစေ။

ကိုယ်ရှိတဲ့နေရာ သူမလာနိုင်တဲ့တစ်နေ့
ကိုယ်ကမေ့လို့သွားခဲ့ရင်
ကိုယ်အရင် လွမ်းပါစေ။

စွယ်တော်ရွက်လေး တစ်ခြမ်းပျက်ခဲ့ရင်
သူ့နှလုံးသား တစ်ဖက်မှာ
ဝေဒနာများစွာနဲ့ နာကျင်နေပါစေ
ကိုယ်လဲ သူ့လိုဘဲ ခံစားရပါစေ။

ချစ်သူရေ
သံယောဇဉ်လက် ခိုင်ခိုင်ဆက်မယ်လို့
ကိုယ်တို့နှစ်ဦး တိုင်တည်ဘူးတယ်နော်။

သစ္စာမဲ့သူအတွက် ဒဏ်ခတ်စေ။
နှလုံးသားတွေ ကြေမွလျှက်
ရင်ခုန်ချက်တွေ ရပ်ပါစေသတည်း။

No comments:

Post a Comment