Sunday, April 29, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၇ )



ကောင်းတယ် ဆိုတာ
သာမန်ဝေဘန်မှုမျိုးသက်သက်ပါဘဲ။

ကဗျာ တစ်ပိုဒ်ဟာ ရင်ကိုခိုက်စေတယ်ဆိုရင်
နှလုံးသားက စီးကျလာတဲ့ သံစဉ်တွေကိုဘဲ
ငါကြားမိမှာပေါ့။

ခံစားချက်ကို အရင်းတည်ပြီး
မျက်ရည်တွေကို မှင်ရည်လုပ်
ငါရေးတာ ကဗျာအစုပ်မဟုတ်ဘူး။

ဘာမဟုတ်တဲ့ကဗျာတစ်ပုဒ်အတွက်
အရင်းနှီးထုပ်ရတာ များတယ်လို့
မင်းဝေဘန်မယ်ဆိုရင်
ငါပြောလိုက်မယ် မင်းအတွက်
ဘယ်ကဗျာမှ အသက်မ၀င်တော့ဘူး။

အရူးလို့ဘဲ ဆိုချင်ဆို
အပိုလို့ဘဲ ပြောချင်ပြော
ကဗျာမချစ်သော မင်းနှလုံးသားဟာ
ဘ၀ရဲ့ ပန်းပုဆရာဖြစ်မလာတော့ဘူး။

ခံစားမှုတွေကို အရောင်မထည့်နဲ့
ခပ်ယဲ့ယဲ့လေးသာ ကျန်နေပစေ
ကဗျာတွေ အသက်ဝင်နေသေးတယ်ဆိုတာ
ငါယုံတယ်။

ဒါပေမဲ့  -  - ကဗျာမချစ်ရင်
ဘယ်တော့မှ ကဗျာမဖြစ်ဘူး။

No comments:

Post a Comment