Sunday, January 29, 2012

နှလုံးသားတိုင်တည်သံ


ဘ၀ရဲ့ အတိမ်အနက်ကို တော့ နာလည်အောင် မကြိုစားခဲ့ဘူးပါ။
နှလုံးသား၏ အလိုတော်အတိုင်းသာ နေထိုင်ခဲ့ပါတယ်။
သံယောဇဉ်ကိုတော့ အပြစ်လို့မမြင်ရက်သေးပါဘူး။

ချစ်ခဲ့ဘူးတဲ့ သူတစ်ယောက်ရဲ့ အသည်းမှာ စွဲမိတာတစ်ခုက ခံစားခြင်းပါ။
နားလည်ပေးနိုင်သူကိုဘဲ မရမက လိုက်ရှာနေမိတယ်လေ။
သံစဉ်တစ်ချို့ရဲ့ မချိုမြိန်မှုက ရင်ကိုနာကျင်စေခဲ့ဘူးပါတယ်။

ပွင့်ဟလာတဲ့ ငြီးငြူသံတွေကြားမှာ မွန်းကြပ်ဖူးပါသည်။
မသေချာတဲ့ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားမဲ့တစ်နေ့မှာ
ငါ့ဝိညာဉ်ဟာ ပန်းရနံ့များနှင့် ပျော်မြူနေပါလိမ့်မယ်။

အချစ်ဦးဆိုတဲ့ ၀ိသေသကို မပန်ထိုက်သူအတွက်
မစတေး ရက်တဲ့ ငါ့နှလုံးသားကို နားလည်ပေးကြပါ။
ကြမ္မာရေဆီးကြောင်းမှာ မျောပါလာတဲ့ ခံစားမှုကို
နွေးထွေးစွာဘဲ သိမ်းပိုက်လိုက်ပါတော့မယ်။

ချစ်သူရေ - 
အပြစ်ဆိုတာကို ဥပေက္ခာပြုလို့ 
ထားခဲ့ဘူးတဲ့ သံယောဇဉ်တစ်ချိုနဲ့အတူ
ကိုယ့်နှလုံးသားကို မြှုပ်နှံလိုက်တော့မယ်
နားလည်နေသရွေ့ ချစ်ငွေ့သက်တွေ ပျံနှံ့နေမှာပါ။

No comments:

Post a Comment