Sunday, January 29, 2012

ဘ၀မလှတဲ့လူ


လူသားကမ္ဘာထဲရောက်လာကတည်းက
အခက်ခဲတွေကိုဘဲ အမြဲတမ်းရင်ဆိုင်ခဲ့ရတယ်။
ဘ၀က  ဆိုးကို ဆိုးပါတယ်ဗျာ။
အနေထားတွေကလဲ မတည်ငြိမ်ခဲ့ဘူး။

အဆင်ပြေသွားမှာပါဆိုတဲ့စကားနဲ့
ကြီးပြင်းခဲ့ရတဲ့သူပါ။
ပတ်ဝန်းကျင်ရဲ့လက်ခုပ်သံတွေကြားမှာ နေချင်ပေမဲ့
ကိုယ်နဲ့တန်ရာကို ရခဲ့တာဆိုတော့
တစ်ခါတစ်လေ ၀မ်းနည်းဖို့တောင်မေ့နေတတ်တယ်။

သူငယ်ချင်းတွေက အားပေးပါတယ်။
``ဒို့တုန်းကလဲ ဒီလိုဘဲ ၊
    ပြီးတော့လဲ  ပြီးသွားမှာပါဘဲ´´တဲ့။

ကိုင်း -  - စာနာသာကြည့်ကြပါတော့
ဒဏ်ရာမရှိတဲ့နေရာကို လက်ညှိုးထိုးပြရရင်ဖြင့်
ကလေးဘ၀က ဓာတ်ပုံလေးကိုသာ  -  -  -  -  -

(နှလုံးသားဖြင့် ဖတ်ပေးပါ)

No comments:

Post a Comment