Monday, June 3, 2013

ရင်တွင်းစာမျက်နှာ ကြေငြာချက် (၁)

လောလောဆယ်တော့ သွေးအေးနေခဲ့တယ်။
ကဗျာတစ်ပုဒ်အတွက် ခံစားချက်တွေ စုစည်းနေခဲ့တယ်။
ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေအားလုံးကို မှတ်တမ်းတင်ခဲ့တယ်။

သံစဉ်တွေ အနေနဲ့ ဖွဲ့စည်းပြီးတော့ တဖြည်းဖြည်းချင်းရွတ်ဆိုကြည့်မိတယ်။
အင်း . . . ကဗျာလား ဘာလား သေချာတော့ မသိတော့ဘူး။

ဝေဒနာတွေ ဖြေသာဖို့အတွက် ကဗျာအဖြစ်ဖန်တီးလိုက်တာလေ။
ရင်တွင်းက အဖြစ်ဆိုးတွေ ကြေငြာဖို့ စာတမ်းပြုစုထားခဲ့တာမဟုတ်ပါဘူး။

နှလုံးသား တံခါးဝမှာ လမ်းညွှန်မြေပုံတစ်ခုတင်ထားဖို့ စိတ်ကူးတွေဝင်လာခဲ့တယ်။
အချစ်ကို တန်ဘိုးမထားတတ်သူများကြောင့် ပျော်ရွှင်ခြင်းတွေ သေဆုံးနေရတယ်ဆိုတာ
ကမ္ဘာလောကကြီးသိသွားအောင် နှလုံးသွေးစီးဆင်းတဲ့နေရာတိုင်းမှာ အချက်ပြစာတွေကပ်ထားမယ်။

အချစ်နဲ့ရိုးသားမှုကို ရန်တိုက်ပေးတဲ့လူတွေကို ရှင်သန်နေသ၍ ကံခေ စေဖို့ ကျိန်စာတိုက်ခဲ့တော့မယ်။
ဖြူစင်စွာချစ်ခဲ့မိတဲ့ ငါ့အချစ်တွေကို သံသယတွေနဲ့ပက်ဖျန်းခဲ့တဲ့အတွက် (သူ့ကို )လွမ်းနေဖို့အတွက်
သင့်၊ မသင့် အချစ်ဂုရုကြီးတွေနဲ့တိုင်ပင်ဖို့အတွက် ကျိုးစားနေပါတယ်။

လေးစားပါတယ်။ အားလုံးကိုလဲ ချစ်ပါတယ်။
ဒါပေမဲ့ . .  သူ့ကိုတော့ . . . .

Saturday, November 24, 2012

ဟလို


         
                                                   သံစဉ်ချိုချို ကဗျာတစ်ပုဒ်ကို
ခပ်တိုးတိုး ရွတ်ဆိုလိုက်တဲ့အခါ
နားဝမှာ ၀ဲပျံ့နေသည့်အလား။

အမေတစ်ယောက်က သားလေးကို
`အိုအေးအေးအို´လို့  တေးဆိုပြီး
ချော့သိပ် လိုက်သည့်ပမာ
သာယာနာပျော်ဖွယ်ကောင်းလိုက်တာ။

မေတ္တာတွေပြည့်လျှံပြီး
ကရုဏာတွေ ပက်ဖြန်းထားသလို
ကြည်နူးဖွယ် တကယ်ကောင်းလှပါပေတယ်။

မောပန်းနေသူ တစ်ယောက်အတွက်
လိုအပ်တဲ့ အားအင်တွေကို
တစ်ခဏချင်း ဖြည့်သွင်းပေးလိုက်သလို
တကယ်ကို တန်ဘိုးမဖြတ်နိုင်ခဲ့ပါ။

အဲဒါ  -- -- -- -- -- -- -- --
ငါ  အားငယ်နေတဲ့အခါမှာ
ကြင်နာစွာ မျှဝေခံစားရင်း
ချစ်ခြင်းတွေနဲ့ အားပေးဖို့လာခဲ့တဲ့
ချစ်သူရဲ့ `` ဟလို ´´ ဆိုတဲ့အသံ။

Sunday, November 18, 2012

ချစ်စရာအကလေးများ

အွန်လိုင်းသူလေး ... သို့



`ဟလို´ ဆိုလဲ ပြန်မဟိုင်း ၊ အွန်လိုင်းတက်တိုင်းတွေ့သူရယ်။
ကိုယ့်ရဲ့ profile မှာ ၊ အလုပ်အကိုင်မတွေ့လို့ စိမ်းတာလား။

( ဒါမှမဟုတ် … … … … )
ချစ်စရာရုပ်အသွင်နဲ့ ၊ ကိုယ့်ရုပ်မြင်ရမှ ခင်မှာလားဟင်။

( ကိုယ့်ဓာတ်ပုံကိုတော့လေ )
like လုပ်သူ အလွန်နည်းလို့ ၊မတင်ရဲတာ ခွင့်လွတ်ပါနော်။

( ဒါပေမဲ့ကွာ  … … … … )
မင်း post တင်တာ ဘာကိုမဆို ၊ အမြဲလိုလို like လုပ်ပါတယ်။

( နောက်ဆုံးမှာ )
မင်းနဲ့များခင်ရမလား ထင်ပြီး ၊ မင်းတင်ခဲ့ပြီးတဲ့ post တိုင်းမှာလဲ၊
အဆင်ပြေသလို comment ပေးပါသေးတယ်။

အသည်းပဲ မရှိလေသလား ၊ ပဲများ ပိနေတာလား။
မသိတတ်တော့ပါဘူး။ ဒီတော့ကွာ …. …. …
Block သွားမှာ ဆိုးတဲ့အတွက် ၊ ဒီထက်လဲ ပိုမပြောရဲတော့ပါဘူး။

အခွင့်ရှိက ၊ ခင်ပါရစေလို့တော့ တောင်းဆိုပါတယ်။

chat box မှာ massage တက်လာမဲ့နေ့အတွက်၊
ကိုယ့်ဘက်မှာ connection အတက်ဆုံးအချိန်ဖြစ်ပါစေလို့ - -
ဆုတောင်းရင်း   ….. ….. …. ….. …… …… ။

( စိတ်ကူးပေါက်လို့လျှောက်ရေးတာနော်။ အတည်ဟုတ်ဘူး )