ခေါင်းမထူနိုင်အောင်
မူးနောက်နေခဲ့တယ်။
တစ်ခွက်ပြီး တစ်ခွက်
အဆက်မပြတ်သောက်ခဲ့တယ်။
မူးသလားမေးတယ်။
အင်း . . . . မူးသလိုလိုဘဲ။ ဒါပေမဲ့
သူ့ကိုတော့
မေ့လို့မရသေးဘူးလို့ ဖြေလိုက်တယ်။
ရင်ဘတ်တစ်ခုလုံး
ပွင့်ထွက်လုမတက်
ခံစားချက်တို့
နေရာယူခဲ့ကြတယ်။
ချစ်ခဲ့မိတာတော့
မမှားဘူးဆိုပေမဲ့
နားလည်မှုတွေ
မပေးနိုင်ခဲ့တာက
ဘယ်သူ့အားနည်းချက်ဖြစ်မလဲ။
ကြိုတင်တွက်ချက်မထားဘဲနဲ့
ရင်ခုန်ခြင်းတွေနဲ့
စပြီးချစ်ခဲ့တာပါ။
ဒီလိုသာ
ဝေးရမယ်မှန်းသိခဲ့ရင်
သေချာပြင်ဆင်ထားမှာပေါ့။
အခုတော့
ငါချစ်တဲ့ကဗျာတွေအတွက်
မျက်နှာပျက်ခဲ့ရပြီလေ .
. . .။
နှလုံးသားထဲက
ချစ်စရာကဗျာတွေအစား
အလွမ်းဘွဲ့တွေကပဲ
နေရာယူထားခဲ့ကြပြီ။
ဝမ်းနည်းစွာဘဲ
နှုတ်ဆက်ခဲ့ပါတယ်။
ကြေကွဲဖွယ် အဖြစ်တွေ
မကုန်သရွေ့
ကဗျာစပ်ဖို့
မေ့ထားလိုက်တော့မယ်။
(ပေါက်တတ်ကရ
ခံစားချက်တို့ဖြင့် . . . . . . )